ရောက်လာသူ မိတ်ဆွေအပေါင်းကို ကိုဇော်သွင်း (နည်းပညာမျှဝေခြင်း) ဆိုဒ်လေးမှ Domain&Hosting နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်..အားပေးမှုအတွက် အထူးကျေးဇူးတင်လျှက်...။

Friday, July 21, 2017

Sonic Visuliaser Software ကိုအသုံးပြု၍ ဂစ်တာ ကော့ဒ်များ ရှာနည်း(for windows)

-ဒီတခါတင်ပေးလိုက်တဲ့ပို့စ်ကတော့ music ဝါသနာရှင်
များအတွက်အထောက်အကူပြုစေမယ့် သီချင်းတွေကို
Chords ကော့ဒ်ရှာတဲ့ဆော့ဖ်ဝဲအသုံးပြုပုံကိုရှင်းပြ
ပေးလိုက်ပါတယ်။computer/laptop နဲ့အသုံးပြု
ရမယ့် ဆော့ဖ်ဝဲဖြစ်ပါတယ်-

-ပြုလုပ်ပုံ နည်းစနစ်အဆင့်ဆင့်တွေကို video ဖိုင်မှာ
ရှင်းပြပေးထားပါတယ်။video ဖိုင်ကိုကြည့်ရှုပြီး
တဆင့်ခြင်း ပြုလုပ်ကြည့်ပါ-

-အရင်ဆုံးလိုအပ်တဲ့ဖိုင်တွေကိုဒေါင်းလုပ်ဆွဲလိုက်ပါ။
windows 32 bit အတွက်ရယ်၊64bit အတွက်ရယ်၊
၂မျိုးတင်ပေးထားပါတယ်။မိမိစက်နဲ့ကိုက်ညီတဲ့
ဆော့ဖ်ဝဲကို ဒေါင်းပြီးအသုံးပြုရမှာဖြစ်ပါတယ်-

32 bit အတွက် Sonic Visuliaser ဆော့ဖ်ဝဲဒေါင်းလုပ်
Download Here

64 bit အတွက် Sonic Visuliaser ဆော့ဖ်ဝဲဒေါင်းလုပ်
Download Here

ကိုယ့်စက်နဲ့ကိုက်ညီတဲ့ဆော့ဖ်ဝဲကိုဒေါင်းပါ။
ပြီးရင် Vamp Plugins Rar ဖိုင်ကိုထပ်ဒေါင်းပါ။
Vamp Plugins Rar ဖိုင် ဒေါင်းလုပ်
Download Here

-အားလုံးဒေါင်းလုပ်ဆွဲပြီးသွားပါက၊ကိုယ့်computer
ရဲ့download ဖိုဒါထဲက ခုနဒေါင်းလုပ်ဆွဲထားတဲ့
Sonic Visuliaser ကို double click ၂ချက်နှိပ်ပြီး
install ပြုလုပ်ပါ။

-install လုပ်ပြီးရင် vamp plugins rarဖိုင်ကိုဖြည်
လိုက်ပါ။rar ဖြည်လို့ရလာတဲ့ ဖိုင်တွေအကုန်လုံးကို
Ctrl+A နဲ့ all select လုပ်ပြီး ကွန်ပြူတာရဲ့
Windows C:/Program Files/ထဲဝင်ပြီး
Vamp plugins ဆိုတဲ့ ဖိုဒါနေရာထဲဝင်ပြီး၊ခုနက
rar ဖြည်ချထားတဲ့ ဖိုင်တွေအကုန်လုံးကို all select
လုပ်ပြီး၊vamp plugins ဖိုဒါထဲကို drag ဆွဲထည့်
လိုက်ပါ။ပြီးရင် back ပြန်ထွက်လိုက်ပါ-

-ထို့နောက် Sonic Visuliaser ဆော့ဖ်ဝဲထဲကိုဖွင့်ဝင်ပါ။

-ဆော့ဖ်ဝဲထဲရောက်ပါက၊အပေါ်ဘယ်ဘက်ထိပ်နားက
file နေရာနှိပ်ဝင်ပြီး မိမိသီချင်းကော့ဒ်ရှာလိုတဲ့ mp3
သီချင်းကိုရွေးပေးပြီး open ဖွင့်လိုက်ပါ။

-ဆော့ဖ်ဝဲပေါ်မှာမိမိရွေးလိုက်တဲ့သီချင်းကိုsetting
ပြုလုပ်ပြီးသည်အထိခဏစောင့်ပါ။

-ပြီးရင် အပေါ်ဆုံးက Transform စာသားနေရာကို
click နှိပ်ဝင်ပါ။ပြီးရင်Analysis by Plugin Name
နေရာ၊ပြီးရင် Chordino နေရာရဲ့ဘေးနားက
Chord Estimate ဆိုတဲ့နေရာအထိအဆင့်ဆင့်
နှိပ်ဝင်သွားလိုက်ပါ။

-Chord Estimate ဆိုတဲ့နေရာကိုclickနှိပ်လိုက်ပြီးရင်
အောက်ဆုံးက ok နေရာကိုထပ်ပြီးclickနှိပ်လိုက်ပါ။

-အဲ့ဒါဆိုရင် သီချင်းကို ကော့ဒ်တွေဖော်ပေးဖို့အတွက်
encode လုပ်နေပါလိမ့်မယ်။ဘယ်ဘက်အောက်က
ဒေါင့်နားလေးမှာ အစိမ်းရောင်ပုံလေးနဲ့encodeပြုလုပ်
နေတာကိုပြီးအောင်စောင့်ပေးပါ။

-အစိမ်းရောင်နေရာလေးငြိမ်သွားရင်တော့ သီချင်းကို
encode လုပ်ပြီးပြီဖြစ်၍ ကော့ဒ် များပေါ်လာမှာကို
တွေ့ မြင်ရမှာဖြစ်ပါတယ်။

-play နှိပ်ပြီး သီချင်းနဲ့ကော့ဒ်များကို တွဲဖက်ရှုမြင်
နားဆင်နိုင်ပါပြီ။

-multi tracks များထပ်ပေါင်းထည့်ပြီး recoding
ထပ်မံလုပ်၍ရမှာဖြစ်ပြီး၊မိမိပြုလုပ်ပြီးသား project
ဖိုင်များ၊အသံဖိုင်များ၊ကော့ဒ်ဖိုင်များကိုလည်း၊
ကွန်ပြူတာထဲကနှစ်သက်ရာfolderတစ်ခုခုထဲမှာ
save လုပ်ပြီး သိမ်းထားနိုင်ပါကြောင်း တင်ပြရင်းနဲ့
နိဂုန်းချုပ်လိုက်ရပါတယ်-


Video ဖိုင်ကြည့်ရန်..လင့်ခ်...
video ဖိုင်ကြည့်ရန်နှိပ်ပါ
 အဆင်ပြေပါစေ
   ကိုဇော်သွင်(နည်းပညာ နှင့် စန္ဒယား)           

Monday, July 17, 2017

N-Track Studio 8 Pro Music Daw v8.0.7 Apk






-Android ဖုန်းအသုံးပြုသူများအတွက် မိမိတို့ဖုန်းကနေ
music တွေ၊vocal တွေကို အသံသွင်းယူ record 
ပြုလုပ်လို့ရမယ့် application လေးတစ်ခုတင်ပေး
လိုက်ပါပြီ။audio တွေ၊melodyတွေ၊virtual instruments တွေကိုလည်း စိတ်ကြိုက်ဖန်တီးပြီး၊
Tracks တွေကိုလည်း တစ်လိုင်းခြင်းဆီ multi ပြန်
ထပ်သွင်းလို့ရတဲ့Multichannel လုပ်လို့ရတဲ့အတွက်
အသုံးပြုလို့ကောင်းပါတယ်။
drums and bass grooves tracks များစွာပါဝင်ပြီး၊
equalization နဲ့ effects များစွာအသုံးပြုလို့ရပါတယ်။
create ပြုလုပ်ပြီးသား projects တွေကိုလည်း
mp3,wave format အမျိုးအစားနဲ့fileပြန်ထုတ်နိုင်
ပါတယ်။ပြုလုပ်ပြီးတဲ့ multi track project file
တွေကိုလည်း အခြား platforms တွေဖြစ်တဲ့
ios,windows,mac, တို့နဲ့လည်း continue လုပ်၍
ချိတ်ဆက်ပြီး working လုပ်နိုင်မှာဖြစ်ပြီး 
Pro version ဖြစ်တာကြောင့်၊အခြားသော features
များစွားပါဝင်ထားတဲ့အတွက် N-Track Studio Apkဟာ
အသုံးပြုလို့အဆင်ပြေကောင်းမွန်စေပါတယ်။
ပြုလုပ်ပြီးသား project ဖိုင်တွေကို မိမိဖုန်းရဲ့
nTrack ဆိုတဲ့ folder မှာပြန်လည်ရှာဖွေနိုင်ပါတယ်။

Apk file size 51.33 MB ရှိပြီး၊
Android OS version 4.0.3 နှင့်အထက်ဗားရှင်းဖုန်း
တွေအထိထည့်သွင်းinstallလုပ်၊အသုံးပြုနိုင်ပါတယ်။
အခြား Main Features တွေကတော့
- Stereo and mono audio tracks
- Virtually unlimited number of tracks (max 11 tracks without in-app purchases)
- Group and Aux channels
- MIDI tracks with builtin synth featuring 128 General MIDI instrument sounds
- Pianoroll MIDI editor
- Step Sequencer
- On-screen MIDI keyboard
- EQ with Spectrum analyzer + chromatic tuner
- Import existing tracks
- Reverb, Echo, Chorus+Flanger, Tremolo, Pitch Shift, Phaser, Tube-Amp and Compression effects can be added to any track and master channel
- Automate track volumes and pan using volume and pan envelopes
- Share your recordings on Facebook
- Collaborate to create music with other musicians with the integrated Songtree online music making community
- Quick one touch drums and bass grooves tracks
- Built-in metronome , စတာတွေဖြစ်ပါတယ်။
N-Track Studio 8 Pro Music Daw v8.0.7 Apk
ဆော့ဖ်ဝဲအား အောက်ကလင့်ခ်ကိုနှိပ်၍ဒေါင်းလုပ်
ရယူပြီး အသုံးပြုနိုင်ပါပြီ။
Download Here


 အဆင်ပြေပါစေ။
      ကိုဇော်သွင်(နည်းပညာ)

Wednesday, April 19, 2017

Yote Than Apk(for android)





myanmar developer "Kyaw Swar Thwin"
ရေးသားထားတဲ့ရုပ်သံapplicationလေးဖြစ်ပါတယ်

အခမဲ့ မြန်မာရုပ်သံလိုင်းများအား ဖုန်းဘေလ်စားသက်သာစေမည့် နည်းပညာနှင့်အတူ မိမိတို့၏ မိုလ်ဘိုင်းဖုန်းပေါ်မှတစ်ဆင့် ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး အပြင်သွားလို့ပဲဖြစ်ဖြစ်၊ ခရီးသွားလို့ပဲဖြစ်ဖြစ် အင်တာနက်လိုင်းရှိရုံဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည့်အတွက် အစီအစဉ်တွေလွတ်မှာလဲ စိတ်ပူစရာမလိုတော့ဘူးနော်။ ကြည့်ရှုနိုင်မည့် ရုပ်သံလိုင်းများမှာ...
MRTV-4
Channel 7
Mahar Bawdi
MWD
MWD Documentary
MWD Movies
MWD Music
MWD Series
MWD Shopping
MWD Variety
Buddha
MNTV
Up to Date
Hluttaw

Android Version အနိမ့်များနှင့်အဆင်ပြေစေရန်လဲ Update ပြုလုပ်ပေးထားပါတယ်။
Update ကို Play Store မှာ ရယူနိုင်ပါပြီ။
Play Store
https://play.google.com/store/apps/details?id=com.myanmarunicorn.yotethan
Mediafire
https://www.mediafire.com/download/1y8fisolnohj4l1

Credit ,Kyaw Swar Thwin

Sunday, April 9, 2017

"ORG 2017 Piano & Kb App"






-Music ဝါသနာရှင်များအတွက် မိမိတို့ရဲ့ ဖုန်းပေါ်ကနေ
စန္ဒယား/ကီးဘုတ် တီးလို့အဆင်ပြေတဲ့application
လေးတစ်ခုတင်ပေးလိုက်ပါတယ်။(for android)
music effect ပေါင်းများစွာပါဝင်အသုံးပြုနိုင်ပြီး
key ချိန်တာပဲဖြစ်ဖြစ်၊melodys/chords တွေရှာတဲ့
အတွက်ပဲဖြစ်ဖြစ် မိမိတို့ဖုန်းလေးပေါ်ကနေ
လွယ်လင့်တကူအသုံးချလို့ရစေနိုင်ပါတယ်။
record,key transpose,octave,pedal mode,
tempo,metronome,usb midi...အစရှိတဲ့
features ပေါင်းများစွားကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်-

-Apk file size 40MB ရှိပြီး
Android OS version 3.2 နဲ့အထက်ရှိထားတဲ့
ဖုန်း/တက်ဘလက်များပေါ်မှာinstall လုပ်အသုံးပြု
နိုင်မှာဖြစ်ပါတယ်-

အောက်ကလင့်ခ်ကိုနှိပ်၍ဒေါင်းလုပ်ရယူနိုင်ပါတယ်

Friday, February 17, 2017

🚻Friend Filter Apk🚻

-facebook အသုံးသူများအတွက် အသုံးဝင်မယ့်
apk လေးတစ်ခုကို တင်ပေးလိုက်ပါတယ်။
friends filter v1.0 ဆိုတဲ့applicationဖြစ်ပါတယ်။
android ဖုန်းအတွက်ဖြစ်ပါတယ်-

-ဒီappလေးရဲ့လုပ်ဆောင်ချက်က facebookမှာမိမိ
တင်လိုက်တဲ့ပို့စ်တွေstatusတွေကို၊ဘယ်သူတွေက
likeလုပ်ပေးတယ်/like မလုပ်ပေးဘူး စတာတွေကို
ပြသဖော်ပြပေးမယ့်ဆော့ဖ်ဝဲလေးတစ်ခုဖြစ်ပါတယ်။
ဒီapkကိုသုံးခြင်းအားဖြင့်၊မိမိfriendထဲမှာဘယ်သူတွေ
ကိုယ့်ကိုlikeလုပ်တယ်/မလုပ်ဘူးဆိုတာကိုသိရှိစေပြီး
friend စစ်ထုတ်ချင်သူတွေအတွက်လည်းအသုံးဝင်
မယ့် application တစ်ခုပဲဖြစ်ပါတယ်-

-apk ရေးသားထားသူ Htoo Phyoe ဖြစ်ပြီး
file size1.3MB ရှိကာ၊android version 2.0 နဲ့
အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာအသုံးပြုနိုင်ပါသည်-

Google Play Store မှ ဒေါင်းလုပ်ပြုလုပ်ရန်
https://play.google.com/store/apps/details?id=com.htoophyoe.unuseprofiles
Mediafire မှ ဒေါင်းလုပ်ြုလုပ်ရန်
https://www.mediafire.com/download/lp8bu5byugl7l6g

Related Posts Plugin for WordPress, Blogger...