ရောက်လာသူ မိတ်ဆွေအပေါင်းကို ကိုဇော်သွင်း (နည်းပညာမျှဝေခြင်း) ဆိုဒ်လေးမှ Domain&Hosting နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်..အားပေးမှုအတွက် အထူးကျေးဇူးတင်လျှက်...။

Monday, September 14, 2015

✔မိမိအသုံးပြု​နေတဲ့GmailထဲမှာLabel​လေး​တွေ ထည့်​သွင်းအသုံးပြုခြင်း✔

-Gmailကိုအသုံးပြုကြ​ပေမယ့်​label​လေး​တွေခွဲပြီး
တည်​​ဆောက်​အသုံးပြုတဲ့သူ​တွေနည်းပါးပါတယ်​။
အခုဒီပို့စ်​​လေးကမိမိအသုံးပြု​နေတဲ့gmailထဲမှာ
label​လေး​တွေခွဲထုတ်​ထားရှိအသုံးပြုတတ်​​စေရန်
ရည်​ရွယ်​ပြီး​ရေးသား​ပေးလိုက်​ပါတယ်​-

-Labelဆိုတာမိမိသတ်​မှတ်​ညွှန်းဆိုထားတဲ့အမှတ်
အသားအမှတ်​တံဆိပ်​တစ်​ခုပါ။
folderဖိုဒါဖိုင်​ပုံစံမျိုးနဲ့လည်းဆင်​တူပါတယ်​။
သ​ဘောက၊apk​တွေ၊video​တွေ၊photoစတာ​တွေ
ကိုfolderဖိုဒါဖိုင်​တစ်​ခုခြင်းစီခွဲထုတ်​နာမည်​​ပေးပြီး
အမျိုးအစားတူရာ​တွေကိုဖိုဒါတစ်​ခုခြင်းစီအလိုက်
ထည့်​သွင်းအသုံးပြုခြင်းမျိုးပါ။ကိုယ်​ကြိုက်​တဲ့rock
သီချင်း​တွေ၊rapသီချင်း​တွေကို၊အဆို​တော်​နာမည်
အလိုက်​folderဖိုဒါဖိုင်​​လေး​တွေခွဲထုတ်​တည်​​ဆောက်
ထားသလိုမျိုးဖြစ်​ပါတယ်​။အဲ့ဒိလိုခွဲထုတ်​ထားခြင်းဖြင့်
မိမိပြန်​လည်​ရှာ​ဖွေတဲ့အခါမှာလွယ်​ကူမြန်​ဆန်​​စေပါတယ်​-

-Gmailထဲမှာကိုယ်​ထားရှိခြင်​တဲ့label​တွေကိုစိတ်​ကြိုက်​တည်​​ဆောက်​ထားရှိနိုင်​ပါတယ်​။မိမိချစ်​သူ
နာမည်​နဲ့labelလုပ်​ထားရင်​၊ကိုယ့်​ချစ်​သူဆီကပို့တဲ့
mail​တွေဟာ၊အဲ့ဒိဖိုဒါဖိုင်​ထဲကိုသီးသန့်​အ​နေနဲ့အမြဲ
တမ်းဝင်​လာမှာပဲဖြစ်​ပါတယ်​။တခြားfriနာမည်​​တွေ၊
groupနာမည်​​တွေကိုလည်းအခုလိုlabel​လေး​တွေ
ခွဲထုတ်​​ပေးထားနိုင်​ပါတယ်​။အဲ့ဒိ​တော့ဝင်​လာသမျှ
မေးလ်​​တွေကိုall mailထဲမှာပြူးပြဲရှာစရာမလို​ဘဲ
မိမိlabel​ပေးထားတဲ့သက်​ဆိုင်​ရာfolderဖိုဒါဖိုင်​တွေ
ထဲကိုဝင်​ကြည့်​လိုက်​ရုံဆို​တော့gmailကိုလွယ်​ကူရှင်း
လင်းစွာနဲ့အသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။
နောက်​တစ်​ခုကကိုယ့်​gmailအ​ကောင့်​န်​ကို
recoveryပြန်​လိုက်​တဲ့အခါမှာဆိုရင်​gmail team
က၊ကိုယ့်​mailမှာထားရှိခဲ့တဲ့labelစာရင်း​တွေကို
securityအ​နေနဲ့​မေး​လေ့ရှိပါတယ်​။အခုလိုlabel
လေး​တွေထားရှိထားခြင်းမားဖြင့်​ကိုယ့်​အ​ကောင့်​န်​ကို
recoveryပြန်​ဆယ်​တဲ့အခါမှာလည်းအသုံးဝင်​​စေမှာ
ဖြစ်​ပါတယ်​။gmailမှာlabelတည်​​ဆောက်
အသုံးပြုပုံအားမိုလ်​ဘိုင်းဖုန်းကိုအသုံးပြု၍​ရေးသား
ရှင်းပြ​ပေးသွားပါမယ်​-

★Label တည်​​ဆောက်​အသုံးပြုနည်း★

(၁)အရင်​ဆုံးမိမိနှစ်​သက်​ရာbrowser app
တစ်​ခုရဲ့search box ထဲမှာ 
https://mail.google.com
လို့ရိုက်​ထည့်​ပြီး
Goလိုက်​ပါ။

(၂)အဲ့ဒိမှာအ​ကောင့်​န်​ဝင်​ရမယ့်​web pageကို
တွေ့ရပါမယ်​။Enter your mailဆိုတဲ့boxအကွက်
ထဲမှာကိုယ့်​gmailရဲ့usernameကို​ရေးဖြည့်​ပါ။
ပြီးရင်​​အောက်​ကNextဆိုတဲ့​နေရာကိုနှိပ်​လိုက်​ပါ။

(၃)​နောက်​တမျက်​နှာမှာpasswordထည့်​ဖို့အတွက်
boxအကွက်​ထဲမှာကိုယ့်​gmailရဲ့passwordကို
ရေးထည့်​​ပေးလိုက်​ပြီးရင်​​အောက်​ကSign In​နေရာ
ကိုထပ်​နှိပ်​​ပေးပြီးအ​ကောင့်​န်​ဝင်​လိုက်​ပါ။

(၄)​နောက်​တမျက်​နှာ​ရောက်​ရင်​​အောက်​နားက
mobile Gmail siteဆိုတဲ့အပြာ​ရောင်​စာသား
နေရာကိုclickနှိပ်​လိုက်​ပါ။

(၅)ဒါဆိုရင်​ကိုယ့်​gmailထဲကို​ရောက်​ပါပြီ။
settingsထဲကိုဝင်​ဖို့အတွက်​၊ဘယ်​ဘက်​အ​ပေါ်ထိပ်
နား​ကမျဉ်းသုံး​ကြောင်းပုံနဲ့menu​နေရာကိုနှိပ်​ပါ။

(၆)ပြီးရင်​​အောက်​ဆုံးနားကအပြာ​ရောင်​စာသားနဲ့
Desktopဆိုတဲ့စာသား​နေရာကိုထပ်​နှိပ်​လိုက်​ပါ။

(၇)ဒါဆိုရင်​gmailရဲ့settingsပိုင်းဆိုင်​ရာ​တွေကို
စီမံခန့်​ခွဲနိုင်​မယ့်​web pageကို​ရောက်​ပါပြီ။
အဲ့ဒိမှာဘယ်​ဘက်​​အောက်​ဆုံးနားကEdit labels
ဆိုတဲ့စာသား​နေရာကိုclickတချက်​နှိပ်​လိုက်​ပါ။

(၈)Create a new labelဆိုတဲ့စာနဲ့boxအကွက်
လေးတစ်​ခု​တွေ့ပါလိမ့်​မယ်​။အဲ့ဒိboxအကွက်​ထဲမှာ
ကိုယ်​labelထားရှိချင်​တဲ့သူရဲ့အမည်​ကို​ရေးထည့်​ပါ။
(ဒီမှာ​တော့ဥပမာအ​နေနဲ့"မစုဆီမှ​မေးလ်​များ"ဆိုပြီး
ဥပမာ​ရေးဖြည့်​ပြ​ပေးထားပါတယ်​။မိတ်​​ဆွေတို့ထားရှိ
ချင်​တဲ့သူရဲ့အမည်​ကို​ရေး​ပေးရမှာပါ)
အဲ့ဒိလိုအမည်​​ရေးပြီးရင်​၊သူ့​ဘေးနားကCreate
ဆိုတဲ့​နေကာကိုနှိပ်​​ပေးလိုက်​ပါ။

(၉)ဒါဆိုlabelတစ်​ခုတည်​​ဆောက်​ပြီးသွားပါပြီ။
အဲ့ဒိlabelကိုrunဖို့အလုပ်​လုပ်​​ဆောင်​နိုင်​ဖို့အတွက်
fliter နဲ့ထပ်​ချိတ်​​ပေးရဦးမှာပါ။fliterနဲ့ထပ်​မံ​ပေါင်း
စပ်​​ပေးဖို့အတွက်​အ​ပေါ်က"Fliters"ဆိုတဲ့စာသား
နေရာကိုထပ်​ပြီးနှိပ်​ဝင်​လိုက်​ပါ။

(၁၀)​နောက်​pageတစ်​ခု​ရောက်​ပါမယ်​။
အဲ့ဒိမှာFromဆိုတဲ့boxအကွက်​​လေးထဲမှာ
မိမိဆီကိုဝင်​လာ​စေမယ့်​mailကိုရိုက်​ထည့်​လိုက်​ပါ။
သူ့​အောက်​ကToဆိုတဲ့boxအကွက်​​လေးထဲမှာ​တော့
ကိုယ့်​ရဲ့gmailလိပ်​စာကိုရိုက်​ထည့်​လိုက်​ပါ။
ပြီးရင်​​အောက်​ကNext Stepဆိုတဲ့​နေရာနှိပ်​လိုက်​ပါ။

(၁၁)​နောက်​တမျက်​နှာ​ရောက်​ရင်​၊သုံးခု​မြောက်​​နေရာ
ရဲ့​ဘေးကApply the label:​ဘေးနားက
Choose labelဆိုတဲ့စာသားပါတဲ့
button​နေရာ​လေးကိုနှိပ်​ပြီးဝင်​လိုက်​ပါ။

(၁၂)ပြီးရင်​ခုနက၊ကိုယ်​အမည်​​ပေးထားတဲ့label
နာမည်​ကို​ရွေး​ပေးလိုက်​ပြီးDoneကိုနှိပ်​လိုက်​ပါ။

(၁၃)ပြီးရင်​Apply the label:​ဘေးနားမှာအမှန်​ခြစ်
mark​လေးတချက်ခြစ်​​ပေးလိုက်​ပြီးရင်​​အောက်​က
Create Fliterစာသား​နေရာကိုထပ်​နှိပ်​​ပေးလိုက်​ပါ။
ဒါဆိုရင်​တဖက်​ကပို့လိုက်​တဲ့​မေးလ်​​တွေဟာအဲ့ဒိ
label​ပေးထားတဲ့folderဖိုဒါဖိုင်​ထဲကိုတစုတစည်း
ထဲဝင်​​ရောက်​လာမှာပဲဖြစ်​ပါတယ်​။

ပိုရှင်းသွား​အောင်​ကျ​နော်​​အောက်​မှာscreen shotပုံများနဲ့အတူရှင်းပြ​ပေးသွားပါမယ်​။


















ယခုပို့စ်​​လေးကို၊စာအုပ်​အဖြစ်​သိမ်းယူထားနိုင်​ရန်​အတွက်
pdf ဖိုင်​​လေးလုပ်​​ပေးထားပါတယ်​။အောက်​ကလင့်​ခ်​မှာ
စာအုပ်​ကို​ဒေါင်းလုပ်​ရယူထားနိုင်​ပါတယ်

DOWNLOAD ဆွဲရန်​လင့်​ခ်

အဆင်​​ပြေပါ​စေ။
        ကို​ဇော်​သွင်​(နည်းပညာ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...