ရောက်လာသူ မိတ်ဆွေအပေါင်းကို ကိုဇော်သွင်း (နည်းပညာမျှဝေခြင်း) ဆိုဒ်လေးမှ Domain&Hosting နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်..အားပေးမှုအတွက် အထူးကျေးဇူးတင်လျှက်...။

Friday, July 21, 2017

Sonic Visuliaser Software ကိုအသုံးပြု၍ ဂစ်တာ ကော့ဒ်များ ရှာနည်း(for windows)

-ဒီတခါတင်ပေးလိုက်တဲ့ပို့စ်ကတော့ music ဝါသနာရှင်
များအတွက်အထောက်အကူပြုစေမယ့် သီချင်းတွေကို
Chords ကော့ဒ်ရှာတဲ့ဆော့ဖ်ဝဲအသုံးပြုပုံကိုရှင်းပြ
ပေးလိုက်ပါတယ်။computer/laptop နဲ့အသုံးပြု
ရမယ့် ဆော့ဖ်ဝဲဖြစ်ပါတယ်-

-ပြုလုပ်ပုံ နည်းစနစ်အဆင့်ဆင့်တွေကို video ဖိုင်မှာ
ရှင်းပြပေးထားပါတယ်။video ဖိုင်ကိုကြည့်ရှုပြီး
တဆင့်ခြင်း ပြုလုပ်ကြည့်ပါ-

-အရင်ဆုံးလိုအပ်တဲ့ဖိုင်တွေကိုဒေါင်းလုပ်ဆွဲလိုက်ပါ။
windows 32 bit အတွက်ရယ်၊64bit အတွက်ရယ်၊
၂မျိုးတင်ပေးထားပါတယ်။မိမိစက်နဲ့ကိုက်ညီတဲ့
ဆော့ဖ်ဝဲကို ဒေါင်းပြီးအသုံးပြုရမှာဖြစ်ပါတယ်-

32 bit အတွက် Sonic Visuliaser ဆော့ဖ်ဝဲဒေါင်းလုပ်
Download Here

64 bit အတွက် Sonic Visuliaser ဆော့ဖ်ဝဲဒေါင်းလုပ်
Download Here

ကိုယ့်စက်နဲ့ကိုက်ညီတဲ့ဆော့ဖ်ဝဲကိုဒေါင်းပါ။
ပြီးရင် Vamp Plugins Rar ဖိုင်ကိုထပ်ဒေါင်းပါ။
Vamp Plugins Rar ဖိုင် ဒေါင်းလုပ်
Download Here

-အားလုံးဒေါင်းလုပ်ဆွဲပြီးသွားပါက၊ကိုယ့်computer
ရဲ့download ဖိုဒါထဲက ခုနဒေါင်းလုပ်ဆွဲထားတဲ့
Sonic Visuliaser ကို double click ၂ချက်နှိပ်ပြီး
install ပြုလုပ်ပါ။

-install လုပ်ပြီးရင် vamp plugins rarဖိုင်ကိုဖြည်
လိုက်ပါ။rar ဖြည်လို့ရလာတဲ့ ဖိုင်တွေအကုန်လုံးကို
Ctrl+A နဲ့ all select လုပ်ပြီး ကွန်ပြူတာရဲ့
Windows C:/Program Files/ထဲဝင်ပြီး
Vamp plugins ဆိုတဲ့ ဖိုဒါနေရာထဲဝင်ပြီး၊ခုနက
rar ဖြည်ချထားတဲ့ ဖိုင်တွေအကုန်လုံးကို all select
လုပ်ပြီး၊vamp plugins ဖိုဒါထဲကို drag ဆွဲထည့်
လိုက်ပါ။ပြီးရင် back ပြန်ထွက်လိုက်ပါ-

-ထို့နောက် Sonic Visuliaser ဆော့ဖ်ဝဲထဲကိုဖွင့်ဝင်ပါ။

-ဆော့ဖ်ဝဲထဲရောက်ပါက၊အပေါ်ဘယ်ဘက်ထိပ်နားက
file နေရာနှိပ်ဝင်ပြီး မိမိသီချင်းကော့ဒ်ရှာလိုတဲ့ mp3
သီချင်းကိုရွေးပေးပြီး open ဖွင့်လိုက်ပါ။

-ဆော့ဖ်ဝဲပေါ်မှာမိမိရွေးလိုက်တဲ့သီချင်းကိုsetting
ပြုလုပ်ပြီးသည်အထိခဏစောင့်ပါ။

-ပြီးရင် အပေါ်ဆုံးက Transform စာသားနေရာကို
click နှိပ်ဝင်ပါ။ပြီးရင်Analysis by Plugin Name
နေရာ၊ပြီးရင် Chordino နေရာရဲ့ဘေးနားက
Chord Estimate ဆိုတဲ့နေရာအထိအဆင့်ဆင့်
နှိပ်ဝင်သွားလိုက်ပါ။

-Chord Estimate ဆိုတဲ့နေရာကိုclickနှိပ်လိုက်ပြီးရင်
အောက်ဆုံးက ok နေရာကိုထပ်ပြီးclickနှိပ်လိုက်ပါ။

-အဲ့ဒါဆိုရင် သီချင်းကို ကော့ဒ်တွေဖော်ပေးဖို့အတွက်
encode လုပ်နေပါလိမ့်မယ်။ဘယ်ဘက်အောက်က
ဒေါင့်နားလေးမှာ အစိမ်းရောင်ပုံလေးနဲ့encodeပြုလုပ်
နေတာကိုပြီးအောင်စောင့်ပေးပါ။

-အစိမ်းရောင်နေရာလေးငြိမ်သွားရင်တော့ သီချင်းကို
encode လုပ်ပြီးပြီဖြစ်၍ ကော့ဒ် များပေါ်လာမှာကို
တွေ့ မြင်ရမှာဖြစ်ပါတယ်။

-play နှိပ်ပြီး သီချင်းနဲ့ကော့ဒ်များကို တွဲဖက်ရှုမြင်
နားဆင်နိုင်ပါပြီ။

-multi tracks များထပ်ပေါင်းထည့်ပြီး recoding
ထပ်မံလုပ်၍ရမှာဖြစ်ပြီး၊မိမိပြုလုပ်ပြီးသား project
ဖိုင်များ၊အသံဖိုင်များ၊ကော့ဒ်ဖိုင်များကိုလည်း၊
ကွန်ပြူတာထဲကနှစ်သက်ရာfolderတစ်ခုခုထဲမှာ
save လုပ်ပြီး သိမ်းထားနိုင်ပါကြောင်း တင်ပြရင်းနဲ့
နိဂုန်းချုပ်လိုက်ရပါတယ်-


Video ဖိုင်ကြည့်ရန်..လင့်ခ်...
video ဖိုင်ကြည့်ရန်နှိပ်ပါ

 အဆင်ပြေပါစေ
   ကိုဇော်သွင်(နည်းပညာ နှင့် စန္ဒယား)           

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...